ပန်းတနော် မတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်မှစတင်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပန်းတနော်မြို့နယ်တွင် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျင်းပလျက်ရှိရာ အ.ထ.က(၁) ပန်းတနော်၊ အ.ထ.က(၂) ပန်းတနော်၊ အ.ထ.က(မအူချောင်း)၊ အ.ထ.က (ဇရပ်လှကြီး)၊ အ.ထ.က(ရင်းတိုက်ကုန်း)၊ အ.ထ.က(ဒေါင့်ကြီး)၊ အ.ထ.က(ဓနော်)၊ အ.ထ.က( ကျွန်းကြား)၊ အ.ထ.က( ပြလင်းမိမ္မပြေး)၊ အ.ထ.က (ချောင်းကလေး)၊ အ.ထ.က( မရမ်း)၊ အ.ထ.က( ရွှေလှေ)၊ အ.ထ.က(အင်းမ) စုစုပေါင်း စာစစ်ဌာန(၁၃)ခုတွင် ကျောင်းသား ကျောင်းသူ ကျား( ၅၆၁) ဦး၊ မ( ၈၃၁)ဦး စုစုပေါင်း ( ၁၃၉၂)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ပျက်ကွက် ကျား ( ၅၂)ဦး၊ မ ( ၅၀) ဦး စုစုပေါင်း (၁၀၂)ဦးရှိကြောင်း ပန်းတနော်မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို လာရောက်ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဆရာ/ မ များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများက ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)