ရွှေသောင်ယံမြို့တွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်း စာမေးပွဲစတင်ဖြေဆို

ရွှေသောင်ယံ မတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့ မြန်မာစာဖြေဆိုခြင်းကို ရွှေသောင်ယံမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

အဆိုပါ စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၆၀)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန် ရွှေသောင်ယံနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိပြီး တာဝန်ရှိသူများမှ ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိသည်။

သို့ရာတွင်‌ လုံခြုံရေးအစီအစဉ်အဖြစ် ကျောင်းသား၊ ကျောင်းသူမိဘများ၊‌ ကျောင်းကော်မတီများမှအား ဖြည့်ကူညီပံ့ပိုးထားကြပြီး စာဖြေချိန်ကို မနက်(၉)နာရီမှ နေ့လည်(၁၂)နာရီထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမောင်