ထန်းတပင်(ရန်ကုန်) မတ် ၂၉
၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ (၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တက္ကသိုလ်ဝင် စာမေးပွဲသို့လည်း ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ်အတွင်းရှိ ကျောင်းတွင်းနှင့် ကျောင်းပြင်ပကျောင်းသား၊ ကျောင်းသူ (၇၇၃)ဦးတို့ ဝင်ရောက် ဖြေဆိုကြမည်ဖြစ်ကြောင်းလည်း သိရသည်။
ထန်းတပင်မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ.ထ.က (ထန်းတပင်)၊ အ.ထ.က (လှည်းဆိပ်)နှင့် အ.ထ.က(ကျူတော)ကျောင်း စာစစ်ဌာန(၃)ခုတို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အ.ထ.က(ထန်းတပင်)စာစစ်ဌာနတွင် ကျောင်းတွင်းနှင့် ကျောင်းပြင်ပ ဝင်ရောက် ဖြေဆိုကြမည့် ကျောင်းသား(၂၅၂)ဦးနှင့် ကျောင်းသူ(၃၁၄)ဦး၊ အ.ထ.က (လှည်းဆိပ်) စာစစ်ဌာနတွင်ကျောင်းတွင်းနှင့် ကျောင်းပြင်ပ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား(၄၂)ဦးနှင့် ကျောင်းသူ(၆၂)ဦး၊ အ.ထ.က(ကျူတော)ကျောင်း စာစစ်ဌာနတွင် ကျောင်းတွင်းနှင့် ကျောင်းပြင်ပ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား(၄၃)ဦးနှင့်ကျောင်း သူ(၆၀)ဦးရှိကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)