မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ပခုက္ကူခရိုင်အဆင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး

ပခုက္ကူ မတ် ၂၈

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ခရိုင်အဆင့် သက်ဆိုင်ရာဌာန တာဝန်ရှိများနှင့် တွေ့ဆုံဆွေးနွေး သည်။

တွေ့ဆုံဆွေးနွေးရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အကောင် အထည်ဖော်‌ ဆောင်ရွက်ရမည့် လုပ်ငန်းအ‌ခြေအနေများအကြောင်း ရှင်းလင်းပြောကြားပြီး အကောင်အထည်ဖော်စိုက်ပျိုးရာတွင် လိုအပ်မည့် ဆီထွက်သီးနှံများ၊ စိုက်ပျိုးရေး နည်းပညာ များနှင့် စိုက်ပျိုးနိုင်သည့် မြေဧကအခြေအနေများကို မေးမြန်းခဲ့သည်။

ဆက်လက်၍ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်နှင့် ဆိပ်ဖြူမြို့နယ်များ အလိုက် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးများက မိမိတို့မြို့နယ်အလိုက် ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ်အတွင်း ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သည့် အခြေအနေများ၊ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်၊ စိုက်ပျိုးထုတ်လုပ်ရန် လျာထားဧက၊ စိုက်ပျိုးမည့် ဆီထွက်သီးနှံ အမျိုးအမည်များ၊ မိုးရာသီနှင့်ဆောင်းရာသီအလိုက် ယာမြေ၊ ကျွန်းစိုက်ပျိုး‌မြေအခြေအနေ၊ လျှပ်စစ်မြစ်ရေတင်နှင့် မြေအောက်ရေရရှိမှု အခြေအနေတို့ကို အသီးသီးရှင်းလင်းတင်ပြကြ သည်။

ယင်းနောက် ဝန်ကြီးက  မြို့နယ်အလိုက်ရှင်းလင်းတင်ပြမှုများအပေါ် ပြန်လည်ရှင်းလင်း‌ပြောကြားပြီး ပြည်ပဆီသွင်းကုန်လျော့ချရေး၊ ပြည်တွင်းဆီထုတ်လုပ် သုံးစွဲမှုတိုးမြှင့်‌ရေးတို့ အတွက် ဆီထွက်သီးနှံကဏ္ဍ စိုက်ပျိုးမှုဖွံ့ဖြိုးတိုးတက်စေရန်  အလေးထားစိုက်ပျိုးကြရေး၊ ကိုဗစ်-၁၉ ရောဂါရာနှုန်းပြည့် ‌ထိုးနှံပြီးစီးရေး ရှင်းလင်းမှာကြားသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်အဖွဲ့ဝင်များ၊ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်နှင့်ဆိပ်ဖြူမြို့နယ်များအလိုက် စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြ ကြောင်းသိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)