နတ်မောက်မြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေး ဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

နတ်မောက် မတ် ၂၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေး ဌာနတွင် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနရှိ ဆရာမများက ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကိုယ်ဝန်ဆောင် မိခင်များကိုကျန်းမာရေး ဆရာမများက ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင် ချိန်တိုင်းခြင်း၊ ကိုယ်အလေးချိန်ပေးခြင်းများ ပြုလုပ်ပြီးမှသာ ကာကွယ်ဆေးထိုးခြင်း၊ ဆေးပေးခြင်းများ ပြုလုပ်ခဲ့ကြရာ အပတ်စဉ်တနင်္လာနေ့တိုင်း ကိုယ်ဝန်ဆောင်မိခင်များကို ပုံမှန်ကာကွယ်ဆေးများ ထိုးပေး သွားမည်ဖြစ်ကြောင်း သိရသည်။

လှဝင်း