သာယာဝတီ မတ် ၂၈
ယခုအချိန်သည် ပူပြင်းခြောက်သွေသည့် နွေရာသီသို့ရောက်ရှိလာပြီဖြစ်၍ သာယာဝတီမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ် မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မီးဘေးကြိုတင်ကာကွယ်နိုင်ရန်အတွက် ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်ဦးနှင့် တပ်ဖွဲ့ဝင်များက မီးဘေးကင်းဝေး စေရန်အတွက် ဌာနဆိုင်ရာ ရုံးအဆောက်အဦများအား လျှပ်စစ်မီးကြိုးများ၊ မီးခလုတ်များအား စစ်ဆေးခြင်း၊ ရုံးမီးစက် အသုံးပြုမှုကို စနစ်တကျရှိစေရန်နှင့် လျှပ်စစ်မီးကို စနစ်တကျ အသုံးပြုတတ်စေရန်၊ ဟောင်းနွမ်းနေသော ဝါယာကြိုးများ၊မီးခလတ်များအား၊ အသစ်လဲလှယ် အသုံးပြုရန်၊ လောင်စာဆီ သိုလှောင်မှုများအား စစ်ဆေးခြင်း၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်စေရန်၊ လျှပ်စစ်မီး၊ ဖယောင်းတိုင်မီးကို စနစ်တကျ ကိုင်တွယ်အသုံးပြုရန်၊ မီးသတ်ဆေးဘူးများနှင့် ကြိုတင်ကာကွယ်ထားရှိခြင်း၊ မီးသတိပေး ဆိုင်းဘုတ်များအားချိတ်ဆွဲခြင်း၊ မီးသတ်လှေကား၊ မီးသတ်ချိတ်များ၊ ရေအိတ်၊ သဲအိတ်များထားရှိခြင်းစသည့် မီးဘေးကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးအတွက် အသိပညာပေးခြင်းများကို အကြံပြုမှာကြားခဲ့ကြောင်း သိရသည်။
သန့်ဇော် (သာယာဝတီ)