ဆင်ပေါင်ဝဲမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ် ပြားများအား နေ့ချင်းပြီးဆောင်ရွက်ပေး

ဆင်ပေါင်ဝဲ မတ် ၂၇

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ဆင်ပေါင်ဝဲမြို့နယ်ရုံးအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိသည့်အပြင် မြို့နယ်လဝကဦးစီးမှူး ဦးသိန်းလွင်နှင့်ဝန် ထမ်းများမှ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် မိဘပြည်သူ များသို့ အသိပညာပေးကြေညာချက်အား ဗီနိုင်းပိုစတာများ၊ လက်ကမ်းစာစောင်များပြုလုပ်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအရောက် ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ အသိပညာပေးကြေညာချက်များတွင် ခရီးသွာလာရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမှတ်ပုံတင် ယူဆောင်သွားပါရန်၊ ထောက်ခံစာဖြင့် ခရီးသွားလာခြင်းကို ခွင့်ပြုမည် မဟုတ်ပါ၊  (၁-၄-၂၀၂၂)ရက်နေ့မှစ၍ စစ်ဆေးမည်ဖြစ် သည် စသည့်အချက်များပါဝင်ကြောင်း သိရှိရသည်။

သို့ဖြစ်ပါ၍ (၁-၄-၂၀၂၂) ရက်နေ့မှစ၍ ခရီးသွားရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား(မှတ်ပုံတင်) စစ်ဆေးမည့်အကြောင်း ကြေညာသဖြင့်မြို့နယ်လဝကရုံးသို့ ပြည်သူများ လာရောက်ဆောင်ရွက် နေသည်များကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ လာရောက်အားပေးပြိး အသိပညာ ပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း(ပြန်/ဆက်)