မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ ​(၇၇) နှစ်​မြောက် တပ်မ​တော်​နေ့ကို ဂုဏ်ပြုကြိုဆို​သောအားဖြင့် မော်လမြိုင်မြို့နယ်၊ ရိုးဂိုး​ကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲ အခမ်းအနားတက်​ရောက်

မော်လမြိုင်​ မတ် ၂၇

မွန်ပြည်နယ်သည် စိုက်ပျိုး​ရေးကိုအဓိကထား လုပ်ကိုင်​ဆောင်ရွက်​နေသည့် ပြည်နယ်တစ်ခုဖြစ် သလို ​ကျေးလက်နှင့် မြို့ပြဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်​စေ​ရေး၊ ​ကျေးလက်​ဒေသ ​နေပြည်သူ များ၏ ဘဝဖွံ့ဖြိုးတိုးတက်​စေ​ရေး အထူးအ​လေး​​ပေး​ ဆောင်ရွက်လျက်ရှိရာ ယ​နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများသည် (၇၇) နှစ် မြောက် တပ်မ​တော်​နေ့ကို ဂုဏ်ပြုကြိုဆို​သောအားဖြင့် မော်လမြိုင်မြို့၊ ရိုးဂိုး​ကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲအခမ်းအနားသို့ တက်​ရောက်ခဲ့သည်။

​ရှေးဦးစွာ အဆိုပါ ကုန်ထုတ်လမ်း ​ဖောက်လုပ်ရခြင်းနှင့် ပတ်သက်၍ မွန်ပြည်နယ် ​ကျေးလက် ဒေသဖွံ့ဖြိုးတိုး​ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြခဲ့ပြီး ကုန်ထုတ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ကုန်ထုတ်လမ်းအား ကြည့်ရှုစစ်​ဆေးခဲ့သည်။

အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်က ဒေသနှင့် ကိုက်ညီသည့် ​ဆောင်းသီးနှံများ ဖြစ်ကြသည့် ​မြေပဲ၊ ​နေကြာ၊ နှမ်း ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး​၊ စိုက်ပျိုး​ရေးနှင့်​ မွေးမြူ​ရေးကဏ္ဏကိုအ​ခြေခံသည့် ကုန်ထုတ်လုပ်မှုများ သိပ္ပံနည်းကျ​ခခေတ်မီနည်းစနစ်ဖြင့် ပိုမိုတိုးတက်အောင် ကြိုးစားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပြီး လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း ​ဆောင်ရွက်​​ပေးခဲ့သည်။

မော်လမြိုင်မြို့နယ်၊ ရိုးဂိုး​ကျေးရွာ ကုန်ထုတ်လမ်းကို ၂၀၂၁- ၂၀၂၂ ဘဏ္ဏာနှစ် ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံ​ငွေ (၉၈.၄၀၆) သန်းဖြင့် ​ဆောင်ရွက်ခဲ့ပြီး ​မြေသားလမ်းနှင့် ဂဝံခင်းခြင်း (၇.၇၃) မိုင်ရှိ ကာ၊ အကျိုးပြုအိမ်​ထောင်စု (၃၂၈) အိမ်​ထောင်စုနှင့် အကျိုးပြု ​​စိုက်ပျိုးဧက (၅၃၀) ဧကအား အ​ထောက်အကူပြု ​ဆောင်ရွက်​ပေးနိုင်မည်ဖြစ်​ကြောင်း၊ မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား များ ​နေထိုင်ရာ​ဒေသ အသီးသီးတွင် ဆန်​ရေစပါး ​ပေါကြွယ်ဝ​စေ​ရေး၊ နွေစပါးအပါအဝင် ဆောင်းသီးနှံနှင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်​နေမှု ဖွံ့ဖြိုးတိုးတက်​စေ​ရေး အထူးအ​လေး​ပေး ​ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်စန်းမြင့်