ဝက်လက် မတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ ထိုးနှံခြင်း မရှိသေးသူများကို Mobile စနစ်ဖြင့် မြို့မဈေး၊ လှတောနှင့် ရွာသာကြီးအထွက် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ဆေးတစ်လုံးလျှင် လူ (၁၀)ဦး ထိုးနှံပေးရာ ကျန်းမာရေးစည်းကမ်းချက်များနှင့် အညီ နှာခေါင်းစည်း Mask များ တပ်ဆင်စေခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းများကို ဆောင်ရွက်ပေးခြင်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးပြီးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံပြီးပါက ခေတ္တစောင့်ဆိုင်းစေခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝက်လက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို Mobil စနစ်ဖြင့် ပထမအကြိမ် လူဦးရေ ၄၃၁၂၇ ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီထံမှ သိရသည်။
စိုးစိုးလှိုင်(ဝက်လက်)