ကော့ကရိတ်မြို့၌ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာန မီးဘေးလုံခြုံရေးအတွက် တာဝန်ရှိ သူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကော့ကရိတ် မတ် ၂၆

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်း သား/သူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရန်  စာစစ်ဌာန  မီးဘေးလုံခြုံရေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးနေမျိုးလှိုင် ဦးဆောင်သော မီးသတ် တပ်ဖွဲ့ဝင်များနှင့် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့က ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မီးသတ်ဆေးဘူးများ ကောင်းမွန်စွာအသုံးပြုနိုင်ရေး၊ မီးချိတ် မီးကတ်၊ သဲ၊ ရေပုံးများ ပြည့်စုံစွာထားရှိရေး၊ ရေရရှိရေးတို့ကို စစ်ဆေးပြီး  မီးဘေးအန္တရာယ် ကင်းဝေးစေရန်  ဟောင်းနွမ်းဆွေးမြေ့နေသော လျှပ်စစ်ဝါယာကြိုးများ အသုံးမပြုပဲ လုံခြုံ စိတ်ချရ သည့် ဝါယာကြိုးများ  အသုံးပြုရန်  ၊မီးလောင်လွယ်သော အမှိုက်သရိုက်များနှင့် ပစ္စည်းများ ရှင်းလင်းထားရှိရန်နှင့် မီးဘေးကြိုတင် ကာကွယ်ရေးဆိုင်ရာ အကြံပြုခြင်းများကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ကော့ကရိတ်မြို့၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူဦး နည်းပါး သည့်အတွက်  စာစစ်ဌာန ၁ ခုသာရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စောအောင်မျိုးလွင် (ပြန်/ဆက်)