ရေဦး ဩဂုတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ မုတ်စီစိုက်ပျိုးပညာပေးစခန်းနယ်မြေတွင် (CERP) စီပွားရေးကုစားမှု အစီအစဉ်ဖြင့် ယနေ့ နံနက် ၁၀ နာရီက မုတ်စီကျေးရွာ တောင်သူ ဦးချစ်ရွှင်၏ ( ၂ဒသမ ၈၀ ) ဧက ကွင်းအမှတ် ( ၂၁၈၁ ) တွင် ဧရာမင်း မိုးစပါး မျိုးစေ့ထုတ် စံပြကွက် ကွင်းပြပွဲပြုလုပ်ခဲ့သည်။
ကွင်းပြပွဲသို့ ဒုမြို့နယ်အုပ်ချုပ်ရေးမှုး ဦးကျော်မင်းခိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုတ်စီ စိုက်ပျိုးပညာပေး စခန်းနယ်မြေမှ တောင်သူကြီးများ တက်ရောက်ခဲ့ကြသည်။ ကွင်းပြပွဲတွင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မြင့်ထွန်းက စံပြကွက်တွင် အသုံးပြုစိုက်ပျိုးထားရှိမှု နည်းစနစ်များကို ရှင်းလင်း ပြောကြားခဲ့ပြီး ( EM )ဘိုကာရှီ သဘာ၀ ဓာတ်မြေဩဇာ ပြုလုပ်ထားရှိမှုကို ပြသခဲ့သည်။
ဆက်လက်ပြီး ဒုမြို့နယ်အုပ်ချုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စိုက်ညှိအဖွဲ့ တာ၀န်ရှိသူများက တောင်သူများထံ မြေဩဇာထုပ်များ ပေးဝေခဲ့ ကြောင်း သိရသည်။
သန်းသန်း ( ပြန်/ဆက် )