ကျောက်ကြီးမြို့နယ် မဲဆန္ဒနယ်များမှ လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကပ်ထားကြေညာ

ကျောက်ကြီး သြဂုတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်တွင် ကျင်းပ ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များမှ လွှတ်တော်ကိုယ်စားလှယ် လောင်းများ အမည်စာရင်းကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ ယမန်နေ့ နံနက်ပိုင်းကြေညာ ကပ်ထားပြီးကြောင်း သိရှိရသည်။

အဆိုပါ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ ကျောက်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်း(၆)ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် လောင်း (၄)ဦး၊ တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်လောင်း (၇)ဦး၊ တိုင်းဒေသကြီးအမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် လောင်း (၇)ဦး၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (ကရင်တိုင်းရင်းသားလူမျိုး) လွှတ်တော်ကိုယ်စားလှယ်လောင်း(၈)ဦးတို့ ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။

K ခိုင်ပြန်/ဆက်