မုံရွာခရိုင်၊ အရာတော်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း ထုတ်ပြန်ကြေညာ

အရာတော်  ဩဂုတ် ၃၁

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ ၃၅ အရ စိစစ်လက်ခံ အတည်ပြုထားသော လွှတ်‌တော် ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းကို ယမန်နေ့ကစတင်၍ အရာတော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တွင် ကြေညာထားကြောင်း သိရသည်။

အရာတော်မြို့နယ်တွင် မဲဆန္ဒနယ်မြေအသီးသီးအတွက် ဝင်ရောက်ရွေးချယ်ခံမည့်နိုင်ငံရေး ပါတီ(၅) ပါတီရှိပြီး အမျိုးသားလွှတ်​တော်တွင် တစ်သီးပုဂ္ဂလပါတီ ကိုယ်စားလှယ်တစ်ဦး အပါအဝင် လွှတ်တော်ကိုယ်စားလှယ် (၆) ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၄) ဦးနှင့် တိုင်းဒေသကြီးအမှတ်(၁)တွင် (၅) ဦး၊ တိုင်းဒေသကြီးအမှတ် (၂)တွင် (၅) ဦး  စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦး၊ ချင်းတိုင်းရင်းသား ကိုယ်စားလှယ် ၁၁ ဦး၊ ရှမ်း တိုင်းရင်းသား ကိုယ်စားလှယ် ၇ ဦးရှိကြောင်း မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဇာဇာခိုင်ထံမှသိရသည်။

မြို့နယ် ပြန်/ဆက်