စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့တွင် မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပုလဲ ဩဂုတ်၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယနေ့ နံနက် ၉နာရီ ၃၀ မိနစ်က မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရ သည်။

ရှေးဦးစွာ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းနိုင် က   မြို့နယ်အတွင်းရှိ ကလေးသူငယ်များ၏ အခွင့်အရေးများ အပြည့်အဝ ရရှိရေးနှင့်ကလေးသူငယ်များအား အကြမ်းဖက်ခြင်း၊ လစ်လျူရှုခြင်း၊  အလွဲသုံးခြင်း၊ ခေါင်းပုံဖြတ်ခြင်းနှင့် လူကုန်ကူးခံရခြင်းမှ ကာကွယ်ပေးနိုင်ရေး အတွက် ကလေးသူငယ်များ၏ ဖြစ်ရပ်စီမံခန့်ခွဲခြင်း၊ ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ပိုမိုဖော်ဆောင် သွားနိုင်ရေးအတွက် မြို့နယ်အဆင့် ကော်မတီဝင်များမှလည်း ဆက်လက်၍ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ကလေး သူငယ်ကာကွယ်စောင့်ရှောက်ရေး၊ သက်ငယ်မုဒိန်းမှု မဖြစ်ပွားစေရေးလုပ်ငန်းများ အသိပညာပေး ဆောင်ရွက်ရာမှာ လည်း လက်တွဲပူးပေါင်း ဆောင်ရွက်ကြရန် လိုကြောင်း မှာကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါ်လှမြတ်ခိုင်က ကလေး သူငယ်များက မိသားစု၊ ရပ်ရွာ၊   တိုင်းပြည်၏ ရတနာများဖြစ်ကြောင်း၊   ကလေးသူငယ်များ၏ အနာဂတ် ဘဝများ ကောင်းမွန်စေရေးအတွက် ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ကြရန်နှင့် အသိပညာပေးခြင်း လုပ်ငန်းများကို  ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် လိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီတွင် ပါဝင်သည့် ဌာနဆိုင်ရာ များက ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လုပ်ငန်းလိုအပ်ချက်များကို အကြံပြုဆွေးနွေးရာ မြို့နယ် အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်နှင့် အတွင်းရေးမှူး  ဒေါ်လှမြတ်ခိုင်တို့က ဆောင်ရွက်ပေးမည့် လုပ်ငန်းအစီအမံများကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရ သည်။

မြင့်သိန်းစိုး(ပြန်/ဆက်)