ထီးလင်း၌ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ကပ်ထားကြေညာ

ထီးလင်း    ဩဂုတ်    ၃၁

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြုလုပ်ကျင်းပ သွားမည်ဖြစ်ရာ ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ယမန်နေ့ကစ၍ ကပ်ထားကြေညာလျက်ရှိကြောင်း သိရသည်။

ထီးလင်း မြို့နယ်တွင် လာမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် (၄) ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်(၅)ဦး၊ မကွေးတိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)တွင် ကိုယ်စားလှယ်(၄)ဦး၊ မကွေးတိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)တွင် ကိုယ်စားလှယ်(၅)ဦး၊ မကွေးတိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်(ချင်းတိုင်းရင်းသားလူမျိုး)တွင် ကိုယ်စားလှယ် (၁၁) ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်းနှင့် ထီးလင်းမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ စသည့် နိုင်ငံရေးပါတီ(၆)ခု တို့က ရုံးများ ဖွင့်လှစ်လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရှိရသည်။

အောင်စည်(ပြန်/ဆက်)