သံဖြူဇရပ် ဩဂုတ် ၃၁
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ ကျင်းပရန် အချိန်နီးကပ်လာပြီဖြစ်၍ ဌာနဆိုင်ရာများ ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ် ကွက်/ ကျေးရွာအုပ်စုကော်မရှင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများမှ ပူးပေါင်းပြီး မဲဆန္ဒရှင်စာရင်း အချက်အလက် များ မှန်ကန်မှုရှိစေရေး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်နှင့် ကိုဗစ် - ၁၉ ဖြစ်ပွားနေသောကာလတွင် ကိုဗစ် - ၁၉ ကာကွယ်ရေးအစီအမံနှင့် အညီဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာဝေအောင်မှ ရွေးကောက်ပွဲ ကျင်းပမည့် အချိန်သည်အလွန်နီးကပ်နေပြီဖြစ်၍ ပထမအကြိမ် ကပ်ထားကြေညာသည့် မဲစာရင်းကိုအခြေခံ ကာ ဒုတိယအကြိမ်မဲဆန္ဒရှင် စာရင်းကပ်ထားကြေညာရာတွင် စာရင်းများ မှန်ကန်မှုရှိစေရေးကို ဌာနဆိုင်ရာများမှ ဝိုင်းဝန်းဆောင်ရွက်ပေးစေရေး ဆွေးနွေးခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးအေး ဝင်းမှ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၏ လုပ်ငန်းများ ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန် ကြားရေးမှူး ဦးဟန်ထွန်းနိုင်က မဲဆန္ဒရှင်စာရင်း မှန်ကန်မှုရှိစေရေးနှင့် မဲပေးနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အတွင်းလိုအပ်လျက်ရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိနိုင်ရေးကို စီမံချက်အရ ဆောင်ရွက်လျက်ရှိ ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး မှူးများ ၊ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများမှ ကွင်းဆင်းဆောင်ရွက်ရမည့် အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
အေးအေးသီ(ပြန်/ဆက်)