ဘိုကလေး မတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စုနှင့် အေရာ ကျေးရွာအုပ်စုတွင် မတ်လ(၂၂)ရက်နေ့ ညနေ(၅)နာရီခန့်က မိုးသည်းထန်းစွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၆)လုံး ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ရာ မတ်လ(၂၄)ရက်နေ့ ညနေပိုင်း၌ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့် မိသားစုများထံ အရောက် ကွင်းဆင်း၍ ထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်ရာတွင် လေဘေးသင့် အိမ်ထောင်စု (၆)စုအတွက် တန်ဖိုးငွေ (၂၉၄၂၁၆) ကျပ်ရှိ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၀၀၀၀၀)ကျပ်၊ လေဘေးသင့်အိမ်ထောင်စု (၆)စုမှ ဘေးသင့်လူဦးရေ(၂၂)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၄၆၂၀၀)ကျပ်နှင့် နှာခေါင်းစည်း (Surgical Mask) များအား သက်ဆိုင်ရာ ကျေးရွာတာဝန်ရှိသူများနှင့် အတူ လေဘေးသင့် အိမ်ထောင်စုဝင်များ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)