တောင်ပြိုလက်ဝဲ မတ် ၂၅
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စာသင်ကျောင်းများအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ပြန်လည်လက်ခံရေးစခန်း မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ပြန်လည်လက်ခံရေးစခန်းတာဝန်ခံ မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ကျော်စိုး ဦးဆောင်၍ တပ်ဖွဲ့ဝင်များက စာသင်ကျောင်းများတွင် မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဆုံးရှုံးမှုမရှိစေရေးအတွက် မီးကို စနစ်တကျအသုံးပြုစေရေး၊ အမှိုက်သရိုက်များအား စနစ်တကျစွန့်ပစ်စေရေး၊ လျှပ်စစ်မီးအသုံးပြုပါက မိမိတို့ကျောင်းများရှိ လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲမှုရှိမရှိ ၊လျှပ်စစ်ဝါယာကြိုးများ၊ မီးပလက်ပေါက်များ ဟောင်းနွမ်းနေပါကလည်း သက်ဆိုင်ရာ လျှပ်စစ်ဝန်ထမ်းများဖြင့် လဲလှယ်တပ်ဆင် အသုံးပြုစေရေး၊ ရှေးဦး မီးသတ် ဆေးဘူး၊ မီးသတ်ကပ်ပြား၊ မီးသတ်ချိတ်၊ ရေစုကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်းနှင့် မတော်တဆမီးလောင်မှု ဖြစ်ပွားပါကလည်း သက်ဆိုင်ရာ မီးသတ် ဦးစီးဌာနသို့ ချက်ချင်းသတင်းပေးပို့ချပါရန် စသည့်တို့ကို အကြံပြုလမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။
သိန်းနိုင်(ပြန်/ဆက်)