ဒေးဒရဲမြို့နယ်တွင် မုန်တိုင်းအန္တရာယ်ကြောင့် ရပ်နားထားသည့် အခြေခံပညာအဆင့် စာမေးပွဲများ ဆက်လက်ဖြေဆို

ဒေးဒရဲ မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် နှစ်ဆုံးစာမေးပွဲများကို မတ်လ (၁၇)ရက်နေ့မှ စတင်၍ ဖြေဆိုလျက်ရှိသော်လည်း မုန်တိုင်းအန္တရာယ် အခြေအနေများကြောင့် ခေတ္တရပ်နားထားခဲ့သည့် Grade-9၊ Grade-11 နှစ်ဆုံး စာမေးပွဲများကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ နှစ်ဆုံးစာမေးပွဲတွင် ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၈၃)ကျောင်းရှိ Grade-9 ကျောင်းသား၊ ကျောင်းသူ (၁၀၄၇)ဦး၊ Grade-11 တွင် အခြေခံပညာကျောင်း (၃၂) ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ (၆၉၁)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး  မြို့နယ် ပညာရေးမှူး ဦးလှစိုးနှင့် တာဝန်ရှိသူများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျောင်းအုပ် ကြီးများနှင့် ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် နှစ်ဆုံး စာမေးပွဲဖြေဆိုပြီးစီးနိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း