သာစည်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်စာစစ်ဌာနများ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

သာစည် မတ် ၂၅

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/သူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရန်  စာစစ်ဌာနများ  မီးဘေးလုံခြုံရေးကို မတ် ၂၄ ရက်က် မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မီးသတ်ဆေးဗူးများ ကောင်မွန်စွာအသုံးပြုနိုင်ရေး၊ မီးချိတ် မီးကတ် ၊သဲ၊ ရေပုံးများ ပြည့်စုံစွာထားရှိရေး၊ ရေရရှိရေးတို့ကို စစ်ဆေးပြီး  မီးဘေးအန္တရာယ်ကင်းဝေးစေရန်  ဟောင်းနွမ်းဆွေးမြေ့နေသော လျှပ်စစ်ဝါယာကြိုးများ အသုံးမပြုပဲ လုံခြုံ စိတ်ချရသည့် ဝါယာကြိုးများ  အသုံးပြုရန်  ၊မီးလောင်လွယ်သော အမှိုက်သရိုက်များနှင့် ပစ္စည်းများ ရှင်းလင်းထားရန်နှင့် အရေးပေါ်ဖုန်းနံပတ်  ၁၉၁ ကို ဗီနိုင်းဖြင့် ချိတ်ဆွဲထားရှိရေး စသည်ဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အကြံပြုခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်တွင်  ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာန ၅ ခုရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)