ကွမ်းခြံကုန်းမြို့နယ်၌ ၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲ​ကျင်းပမည့် စာစစ်ဌာနအား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများဆောင်ရွက်

ကွမ်းခြံကုန်း မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် အ-ထ-က(၁)စာစစ်ဌာနအား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများကို ယမန်နေ့က လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က (၁)၌ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီးစာစစ်ဌာနမျမှစာမေးပွဲဖြေဆိုနေစဉ် မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရန်အတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးရဲတင့်၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်နိုင်ဦး၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးဦးမြတ်သူထိုက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မိမိတို့နယ်မြေအတွင်းရှိ စာစစ်ဌာနဖြစ်သည့်အ-ထ-က(၁)အား မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊‌ သဲ၊ ရေအသင့်ထားရှိရေး ဆောင်ရွက်ချက်များကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)