မိုးကုတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

မိုးကုတ် မတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ကိုဗစ်-ကိုဗစ်၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းအား မြိုနယ်လုံးလွှမ်းခြုံနိုင်စေရန် ယခုလမတ်လဆန်းမှစတင်၍ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ Vounteerများ စုပေါင်းကာ Mobile Team အဖွဲ့( ၆ )ဖွဲ့ဖွဲ့စည်းပြီး  မြို့ပေါ်နှင့် ကျေးရွာများတွင် စုရပ်များ သတ်မှတ်၍ အရှိန်အဟုန်မြင့်ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံရာတွင် အသက်( ၁၂ )နှစ်နှင့်( ၁၈ )နှစ်အကြားကလေးများ၊ အသက်( ၁၈ )နှစ်နှင့်အထက်တွင် သက်ကြီးရွယ်အိုများ၊ ရဟန်းသံဃာများ၊ သီလရှင်များ ဝန်ထမ်းများအား ပထမအကြိမ်နှင့် ဒုတိယအကြိမ်များ ဆက်လက်ထိုးနှံပေးလျက်ရှိပါ သည်။

အဆိုပါ ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးများအား ထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်အတိုင်း သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်ရေးအချက် အလက်များရေးသွင်းပေးပြီး စည်းကမ်းကိုက်ညီသူများအားဆေးထိုးပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်ကော်မတီမှ သိရသည်။

နန်းခွာညိုနှင်း