စမ်းချောင်း မတ် ၂၅
ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်ရန် ကျန်းမာရေး၀န်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ mask တပ်ခြင်း လက်ကိုမကြာခဏ လက်သန့်ဆေးရည်ဖြင့် ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေထိုင်ကြရန် အသိပညာပေးသောအားဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ၀န်ထမ်းများသည် ယမန်နေ့နံနက် ၉ နာရီတွင် ဌာနဆိုင်ရာများ၊ လမ်းသွား၊ လမ်းလာပြည်သူများအား Mask နှာခေါင်း စည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ Mask များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ငြိမ်းချမ်း၀င်းနှင့် ၀န်ထမ်းများသည် ဌာနဆိုင်ရာများ၊ လမ်းသွားလမ်းလာပြည်သူများအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ခင်ငြိမ်းချမ်းဝင်း