ကျိုက်မရောမြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းများ စတင်ဖွင့်လှစ်သင်ကြားပေး

ကျိုက်မရော   မတ်  ၂၄

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် အားကစားနှင်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီအခြေခံအားကစား သင်တန်းများကို ယနေ့နံနက်ပိုင်းမှ စတင်ကာ အ.ထ.ကခွဲ ကျိုက်မရောခန်းမ၌ သင်ကြား လျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှူး ဦးကိုကိုဝင်းက နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်လှစ်ပေးရ ခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားရာတွင် လူငယ်လူရွယ်များအနေဖြင့် အခြေခံအားကစားနည်း စနစ်များအား သိရှိ တတ်မြောက်စေရန်နှင့် ထူးချွန်ထက်မြက်ပြီး အရည်အသွေးရှိသော မြန်မာ့လက်ရွေးစင်အားကစား သမားကောင်းများ ပေါ်ထွက် လာစေရန်အတွက် ယခုလို နွေရာသီကျောင်းပိတ်ရက်တွင် အားကစားနည်းမျိုးစုံကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ယခုကဲ့သို့ နွေရာသီအားကစားသင်တန်း ဖွင်လှစ်သင်ကြားပေးခြင်းဖြင့် အားကစား စိတ်ပါဝင်စားသည့်  ကစားသမားများအနေဖြင့် မိမိနှစ်သက်ရာ အားကစားနည်းအလိုက် အခြေခံနည်းစနစ်များအား စနစ်တကျတတ်မြောက်စေရန်၊ ကျောင်းသားလူငယ်များ အားလုံး၏ ကာယ၊ ညဏ၊ စာရိတ္တ၊ ဘက်စုံဖွံဖြိုးတိုးတက်လာစေရန် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာ စေရန် မြန်မာ့သိုင်း၊ ရိုးရာခြင်းလုံးကစားနည်း၊ လက်ဝှေ့၊ ကြက်တောင်စသည့် အားကစားနည်းများကို သင်တန်းနည်းပြဆရာ လေးဦးတို့က မတ်လ ၂၅ရက်မှဧပြီလ၃ရက်နေ့ အထိမြို့နယ်အားကစားကွင်း၌ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့သင်တန်းသား၊ သင်တန်းသူ(၄၅)ဦးတို့က မိမိတို့နှစ်သက်ရာ အားကစားနည်းများအလိုက် တက်ရောက်သင်ကြား လျက်ရှိကြောင်း မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှူး ဦးကိုကိုဝင်းထံမှ သိရသည်။

 ချိုမြတ်မြတ်ထွေး(ကျိုက်မရော)