မိုးညို မတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များအလိုက် ယနေ့နံနက် ၉ နာရီက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ကာကွယ်ဆေးထိုးနှံမှု မကျန်ရှိစေရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၏ ဝိုင်းဝန်း ကူညီဆောင်ရွက်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ဇောတိကရပ်ကွက်နှင့် ရွှေပြည်သာရပ်ကွက် စုရပ်နေရာများ၌ ထိုးနှံပေးလျက်ရှိပြီး မြို့မရပ်ကွက်၊ ရွှေဥဒေါင်းရပ်ကွက်နှင့် သခင်လှရှိန်ရပ်ကွက်များတွင်လည်း သတ်မှတ်ရက်အလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ယနေ့တွင်ကာကွယ်ဆေး ထိုးနှံပြီးသူများအနေဖြင့် ဧပြီလ ၂၂ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် မြို့မရပ်ကွက်ရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း(မိုးညို)