တောင်တွင်းကြီးမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ

တောင်တွင်းကြီး မတ် ၂၄

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် နေ့ထူးနေ့မြတ်များ သိရှိစေရန် ရည်ရွယ်၍ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာရုံးများနှင့် လူစည်ကားသည့် နေရာများတွင်အခမဲ့ ဖြန့်ဝေပေး ခဲ့သည်။

အဆိုပါအသိပညာပေး လက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အမျိုးသားရေး ဦးတည်ချက်(၅)ရပ်၊ ကာကွယ်စောင့်ရှောက်သွားမည်သာ (ဆောင်းပါး)၊ တပ်မတော်၏ အစဉ်အလာကောင်း (၁၂)ရပ်၊ စာရေးဆရာစိုးမိုး(ပုသိမ်)ရေးသားသော နွေအလှ(ကဗျာ)၊ တည့် မတ်ထိန်းသိမ်းဆောင်ရွက် လျက်ရှိကြောင်း (နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် ၂၇.၃.၂၀၂၁ ရက်နေ့ (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်)၊ ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ် ဇွန်လဆန်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်း အရုံးကြီးတွင် ပြောကြားသည့် မိန့်ခွန်း ကောက်နုတ်ချက်များနှင့် တပ်မတော်နေ့ဆိုင်ရာ ဆောင်ပုဒ်များ ပါဝင်ကြောင်း သိရသည်။

(၇၇)နှစ်မြောက် တပ်မတော်နေ့အ ထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက ဌာနဆိုင်ရာများနှင့် ခရီးသွားပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နိုင်ဝင်း