ငပုတောမြို့နယ် ဝက်ဆူ​ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းပျက်စီးဆုံးရှုံးမှုအား ကြည့်ရှုစစ်ဆေး

ငပုတော မတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဝက်ဆူကျေးရွာအုပ်စု၊ ဝက်ဆူကျေးရွာတွင် လေပြင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း အမိုးလန်ပျက်စီးမှုအခြေနေကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးသူရကျော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးမြင့်ဆွေ၊ လက်ထောက်ပညာရေးမှူး ဦးနိုင်လင်းတို့က ယနေ့ နံနက်ပိုင်းက သွားရောက်ကြည်ရှုစစ်ဆေးခဲ့ သည်။

အဆိုပါ ဝက်ဆူကျေးရွာ (အ.လ.က) ကျောင်းဆောင်ရှိ (၆၀x၂၄)ပေ RC တစ်ထပ်ကျောင်းဆောင်မှ သွပ်အမိုး ၁၄ ချပ် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်