သဲကုန်းမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းစစ်နှစ်ဆုံးစာမေးပွဲများနှင့် (Grade - 9) စာမေးပွဲတို့ အေးချမ်းစွာ ဖြေဆိုပြီးစီး

သဲကုန်း  မတ် ၂၃

၂၀၂၁-၂၀၂၂  ပညာသင်နှစ် အခြေခံပညာအဆင့်အလိုက် အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းစစ်နှစ်ဆုံးစာမေးပွဲများနှင့် (Grade - 9) စာမေးပွဲကို နိုင်ငံတစ်ဝှမ်း ယနေ့တွင် ဖြေဆိုပြီးစီးပြီဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုပြီးစီး၍ ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။

ကျောင်းတွင်းစစ်နှစ်ဆုံးစာမေးပွဲများကို မူလတန်းအဆင့် သင်ရိုးသစ် Grade - 4 နှစ်ဆုံးစစ်ဆေးခြင်း (Year End Test) နှင့်အခြေခံပညာအလယ်တန်းအဆင့်  နှစ်ဆုံးစစ်ဆေးခြင်းကို မတ်လ ၁၇ ရက်မှ ၁၉ ရက်အထိ တစ်နေ့လျှင် ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် စာသင်ချိန် တစ်ချိန်စာစစ်ဆေး၍ အလယ်တန်းပြီးမြောက်မှုစာမေးပွဲ (Grade- 9)နှင့် အထက်တန်းအဆင့်စာမေးပွဲများကို မတ်လ ၁၇ရက်မှ ၂၃ရက်နေ့အထိ တစ်နေ့လျှင် တစ်ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် ()နာရီကြာဖြေဆိုခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၁၉၄)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ပေါင်း()ကျောင်းရှိပြီး၊ အခြေခံပညာကျောင်းများတွင် မူလတန်းအဆင့် ကျောင်းသားကျောင်းသူ ၇၃၃၃ဦး၊ အလယ်တန်းအဆင့် ၃၄၀၄ဦး၊ အထက်တန်းအဆင့် ၁၅၁၁ဦး ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝင့်နန္ဒာဌေး