မောင်တောမြို့၌ ဦးတည်အုပ်စုတွင် ပါဝင်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ကျန်ရှိမှု မရှိစေရေးအတွက် တာဝန်ရှိသူများက ကွင်းဆင်းစာရင်းကောက်ယူ

မောင်တော  မတ်   ၂၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စု တွင်ပါဝင်သည့်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ကျန်ရှိမှုမရှိစေရေးအတွက် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ရပ်ကွက်များတွင် မြေပြင် ကွင်းဆင်း စာရင်းကောက်ယူခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်  ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍  ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက  မြို့နယ်အတွင်းရှိ  ရပ်ကွက်/ကျေးရွာများတွင် နေထိုင်သူများ၊ ဈေးဆိုင်ရောင်းချသူများနှင့် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေများအား စာရင်းကောက်ယူခြင်း၊ ဆေးမထိုးနှံရသေးသည့် သူများကို ဆေးထိုးစုရပ်များတွင် လာရောက် ထိုးနှံနိုင်ရေး၊ ကျန်ရှိမှုမရှိစေရေးအတွက် ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)