ကျိုင်းတုံ မတ် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲကို ယနေ့တွင် ဖြေဆိုပြီးဆုံးခဲ့၍ ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင် အခြေခံပညာ နှစ်ဆုံးစာမေးပွဲများကို မတ်လ ၁၇ ရက်မှ ၂၃ ရက်နေ့အထိ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ရာ ယနေ့နောက်ဆုံးရက်တွင် အေးချမ်းစွာ ပြီးဆုံးခဲ့၍ ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင် အလယ်တန်းပြီးမြောက်မှုစာမေးပွဲ (Grade-9) ကို စာစစ်ဌာန ၂၉ ခု ဖွင့်လှစ်ထားရှိပြီး ကျောင်းသား၊ ကျောင်းသူ ၈၄ ဒသမ ၇၃ ရာခိုင်နှုန်း အေးချမ်းစွာ ဖြေဆိုခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)