၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့  ဓနုဖြူမြို့နယ်မှ ကျောင်းသား/ကျောင်းသူ (၉၆၁)ဦး ဝင်ရောက်ဖြေဆိုမည်

ဓနုဖြူ မတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ မတ်လ (၃၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုမည့် ကျောင်းတွင်းဖြေ ကျား(၃၂၅)ဦး၊ မ(၄၉၉)ဦး၊ စုစုပေါင်း(၈၂၄)ဦး၊ ပြင်ပဖြေ ကျား (၅၄)ဦး၊ မ(၈၃)ဦး၊ စုစုပေါင်း (၁၃၇)ဦး၊ ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၉၆၁)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်းသိရသည်။

ဓနုဖြူမြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁)ဓနုဖြူ၊ အ.ထ.က ဆကာကြီး၊ အ.ထ.က စံကင်း၊ အ.ထ.က ကျုံတနီး၊ အ.ထ.က ပြင်ကသာ၊ အ.ထ.က အလမျိုး၊ အ.ထ.က တော်ဝ၊ အ.ထ.က ရုံးချောင်း၊ အ.ထ.က နှဲကြိုးကျောင်း စာစစ်ဌာန(၉)ခုတို့တွင် ကျင်းပသွားမည်ဖြစ်ပြီး အတွဲ(၁) ၊ အတွဲ(၂) နှင့် အတွဲ(၇) ဘာသာရပ်များ ဖြေဆိုသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အေးအေးအောင်(ပြန်/ဆက်)