ကျောက်ကြီးမြို့နယ်၌ အခြေခံပညာအလယ်တန်းအဆင့် (Grade.9) အောင်မြင်စွာ ဖြေဆိုပြီးစီး

ကျောက်ကြီး မတ်လ ၂၃

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၁၁ နာရီတွင် အခြေခံပညာအလယ်တန်းအဆင့် (Grade.9) စာမေးပွဲကိုအောင်မြင်စွာ ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်၌ အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade.9) စာမေးပွဲကို စာစစ်ဌာန (၁၈)ခုဖွင့်၍ မတ်လ ၁၇ ရက်နေ့မှ မတ်လ ၂၃ ရက်နေ့အထိ နံနက် ၉ နာရီမှ ၁၁ နာရီအထိ ကျောင်းသား(၃၉၈) ဦး၊ ကျောင်းသူ(၅၀၁)ဦး၊ စုစုပေါင်း ကျောင်းသား ကျောင်းသူ (၈၉၉)ဦး အေးချမ်းစွာဖြေဆိုပြီးမြောက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

မြို့နယ်(ပြန်/ဆက်)