အောင်လံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်

အောင်လံ မတ် ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမ၌ စာရေးဆရာ လယ်တွင်းသား စောချစ် ရေးသားထား သော “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက ပြုလုပ် ဆောင်ရွက်ခဲ့ သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်းက ကျောင်းသား/ သူများအား စာပေလေ့လာဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများ၊ အဖွဲ့အစည်း အစုအဖွဲ့အလိုက် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းပြောကြားပြီး တက်ရောက်လာသူများမှ စာရေးဆရာ လယ်တွင်းသား စောချစ် ရေးသားထားသော “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ” စာအုပ်ပါအကြောင်းအရာများကို မိတ်ဆက်ဆွေးနွေးခဲ့သည်။

ထိုသို့ မိတ်ဆက်ဆွေးနွေးရာတွင် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဆရာကြီး ဦးတင်ဝင်းက ကလေးနှင့်ကျောင်းထားချိန် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုဥက္ကဋ္ဌ ဆရာကြီး ဦးသန်းထွန်းက မြို့ပတ်ရထားပေါ်ကဆရာမ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပညာရေး(ငြိမ်း) ဆရာ ဦးခင်မောင်နီမှ စာအုပ်ပါအကြောင်းအရာအနှစ်ချုပ်အား တက်ရောက်လာသော ကျောင်းသား/သူများ နှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇင်ဇင်မင်းမောင်(ပြန်/ဆက်)