ဖျာပုံ မတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများသည် ယနေ့နံနက်(၁၀)နာရီအချိန်က ဖျာပုံမြို့ ချောင်းတွင်းလမ်းမကြီးဘေးနှင့် လူစည်ကားရာနေရာများတွင် သတင်းစကား လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း ကောက်နုတ်ချက်များ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၏ ၂၇-၃-၂၀၂၁ ရက်နေ့ (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်းမ ှကောက်နုတ်ချက်များ၊ (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ တပ်မတော်၏ ဆောင်ပုဒ်များ၊ ကဗျာများ၊ မြန်မာ့တပ်မတော်၏ သမိုင်းအဆက်ဆက် ကာကွယ် စောင့်ရှောက်ခဲ့သော သမိုင်းကြောင်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်၍ မြို့ပေါ် လူစည်ကားရာ နေရာများ၊ ချောင်းတွင်းလမ်းမကြီးနှင့် မြောက်ပိုင်းစျေးရှေ့တို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများမှ အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ခရိုင်ပြန်/ဆက်)