ညောင်တုန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ် အောက် က‌လေးငယ်များအတွက် ထောက်ပံ့ငွေများပေးအပ်

ညောင်တုန်း မတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် က‌လေးငယ်များအတွက် ထောက်ပံ့ရေး အစီအစဉ် (MCCT) အရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ညောင်တုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၄)အုပ်စုမှ ကိုယ်ဝန်ဆောင်မိခင် (၁၀၉၅)ဦးနှင့် အသက်(၂)နှစ်အောက် က‌လေးငယ်(၇၄၂)ဦး စုစုပေါင်း (၁၈၃၇)ဦးအတွက် စုစုပေါင်း (၈၀၆၂၅၀၀ဝိ/-) (ကျပ်ရှစ်ရာ‌‌ ခြောက်သိန်း နှစ်သောင်း ငါး‌ထောင်တိတိ)ကို တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂) နှစ်အောက် က‌လေးငယ်များကိုယ်စား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ သည်။

ထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယဦးစီးမှူး‌ ဒေါ်လှယဉ်ဝင်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)