မင်းလှ မတ် ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ် ကူညီကယ်ဆယ်ရှာဖွေရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ကူညီကယ်ဆယ်ရှာဖွေရေး ပစ္စည်းများ အသင့်စုဖွဲ့ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးကျော်အောင်ထံမှ သိရသည်။
သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက အရေးပေါ်ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ လုပ်ဆောင်နိုင်ရန်အတွက် တပ်ဖွဲ့ဝင်များ သိရှိလိုက်နာရမည့် အချက်များ၊ လုပ်ဆောင်ရမည့် အချက်များ၊ ကူညီကယ်ဆယ် ရှာဖွေရေးပစ္စည်းများနှင့် ပတ်သက်သည့် အချက်များကို ယမန်နေ့က မြို့နယ် မီးသတ်ဦးစီးမှူး ဦးမျိုးကျော်အောင်က တပ်ဖွဲ့ဝင်များကို ရှင်းလင်းပြောကြားထားကြကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် မြို့နယ်သံန္ဓေမီးသတ်စခန်း၊ မင်းလှအရန်မီးသတ်စခန်း၊ စစ်ကွင်းသံန္ဓေ မီးသတ်စခန်း၊ စိန်ကန့်လန့်အရန် မီးသတ်စခန်းတို့တွင် အရေးပေါ်ကူညီဆောင်ရွက်ရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးပစ္စည်များ၊ မီးသတ်ယာဉ်များအသင့် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ပေါက်စ(မင်းလှ)