ဒေးဒရဲမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် တိုးကျေးရွာနှင့် ဆားကျင်းကျေးရွာတို့တွင် တဲအိမ်များ အမိုးလန်ပျက်စီး

ဒေးဒရဲ မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်တွင် လေပြင်းတိုက်ခတ်၍ ရေလှိုင်းရိုက်ခတ်မှုကြောင့် ယနေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က တိုးကျေးရွာနှင့် ဆားကျင်းကျေးရွာတို့ရှိ ‌လူနေတဲအိမ်အချို့ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် တိုးကျေးရွာအုပ်စု ပင်လယ်ကမ်းစပ်တစ်လျှောက်ရှိ ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း လူနေတဲအိမ် (၂)လုံး ပြိုကျပျက်စီးခဲ့၍ လူနေတဲအိမ် (၁၂)လုံး အမိုးလန်ပျက်စီးခဲ့ပြီး တိုးကျေးရွာအုပ်စု၊ ဆားကျင်းကျေးရွာတွင် ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း လူနေတဲအိမ် (၁၅)လုံး အမိုးလန် ပျက်စီးခဲ့ကြောင်း သိရသည်။  အဆိုပါ အိမ်ပြိုကျပျက်စီး/အမိုးလန်မှုနှင့် ပတ်သက်၍ လူ/တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရ သည်။

အေဇာလင်း