အားကောင်းသော မုန်တိုင်းငယ်အ‌ခြေအနေ အနီရောင်အဆင့် သတ်မှတ်၍ ရွှေသောင်ယံမြို့ နေပြည်သူများ သတိထားနေထိုင်ကြရန် လိုက်လံနှိုးဆော်

ရွှေသောင်ယံ မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့ နံနက်(၁၀)နာရီက မုန်တိုင်းငယ် သတိပေးချက်များကို ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ ရပ်ကွက်များ အတွင်း၌ လိုက်လံ‌ကြေငြာခဲ့ကြသည်။

ထို့သို့လိုက်လံဆောင်ရွက်ရာတွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက် အရ (၂၂.၃.၂၀၂၂) ရက်နေ့ ယနေ့တွင် အားကောင်းကောင်းသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီးကို ဟိုင်းကြီးကျွန်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည့် အခြေအနေဖြစ် သဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ထားသောကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကြရောက်ပြီး လှိုင်းကြီးနိုင်ကြောင်းထို့ကြောင့် ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ ကြိုတင်သတိပြုနိုင်ပါရန်နှင့် မုန်တိုင်းဖြတ်ကျော် စဉ် မုန်တိုင်းဒီရေမှာ (၈) ပေမှ (၁၂) ပေအထိမြင့်တက် လာနိုင်ကြောင်း လိုက်လံ သတိပေး ထုတ်ပြန်ခဲ့ကြသည်။
ထို့ကြောင့် ရွှေသောင်ယံမြို့နေ ပြည်သူများမှ အထူးသတိပြုနေထိုင်ကြရန် အားကောင်းသော မုန်တိုင်းငယ်အခြေအနေသည် ယခုအခါ အနီရောင်အဆင့် သတ်မှတ်ထားသောကြောင့် ဂရုစိုက် ကြရန်နှင့် သဘာဝဘေး ခိုလှုံရာနေရာများသို့ အချိန်မီပြောင်းရွှေ့နိုင်ရေးအတွက် သတိပေးနှိုးဆော်ခဲ့ကြသည်။

ကိုကိုမောင်