မော်လမြိုင်ကျွန်းမြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရေး အရေးပေါ်လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

မော်လမြိုင်ကျွန်း မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မကြာခင်ဝင်ရောက်လာ နိုင်သည့် အား‌ကောင်းသော မုန်တိုင်းငယ်ကြောင့် မြို့နယ်အတွင်း ထိခိုက်ပျက်စီးမှုများဖြစ်ပေါ် လာနိုင်သဖြင့် ရှာဖွေကယ်ဆယ်ရေးနှင့် စားရေရိက္ခာ ထောက်ပံ့နိုင်ရေးအတွက် အရေးပေါ် လုပ်ငန်းညှိနှိုင်း‌ဆွေးနွေးပွဲကို ယနေ့ ညနေ ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က မုန်တိုင်းဝင်ရောက်လာပါက အဓိက လိုအပ်ချက်ဖြစ်သော စားနပ်ရိက္ခာနှင့် ရေပြတ်လပ်မှုမဖြစ်ပေါ်စေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန်၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ မုန်တိုင်းမစဲခင်ရှာဖွေ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ညတွင်းခြင်း ကွင်းဆင်းနိုင်‌ရေးပြင်ဆင်ထားရှိရန်၊ ကျေးလက်ဒေသများရှိ သောက်ရေကန်သုံးရေကန်များအား အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး မြို့ပေါ်ရေသန့်စက်ရုံများမှ ရေများထောက်ပံ့လှူဒါန်းနိုင်ရေး ကြိုတင်ပြင်ဆင် ထားရှိရန် လိုအပ်ကြောင်း၊ လိုအပ်ပါက မြို့ပေါ်မှ ထမင်းထုပ်များ ကျေးရွာများသို့ ထောက်ပံ့လှူဒါန်းနိုင်သည်အထိ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆွေးနွေးခဲ့ကြပြီး ကျွဲနွားများ အရေးပေါ် ရွှေ့ပြောင်းရန် လိုအပ်ပါက တွဲသ‌င်္ဘောများ ပြင်ဆင်ထားရှိရန် တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အောင်အောင်(ပြန်/ဆက်)