စစ်တွေမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ အလယ်တန်းဆင့် ကျောင်းသား၊ ကျာင်းသူများအား လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

စစ်တွေ မတ်၂၂

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ နယ်စပ်တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ မန်ကျည်းမြိုင် အထကခွဲ ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်မြတ်သူက အားကစားပြုလုပ်ခြင်းသည် အားမှကစားရခြင်း မဟုတ်ဘဲ ကျန်းမာကြံ့ခိုင်သော ခန္ဓာရရှိစေရန် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ကြရမည် ဖြစ်‌ကြောင်း၊ ကျန်းမာခြင်းသည် လာဘ်တစ်ပါး၊ မြတ်ဆုဧကန်မှန်မှန်လှုပ်ရှား၊ လူတိုင်းအတွက် အားကစားဆောင်ပုဒ်မများ နွေရာသီဖွင့်လှစ်မည့် သင်တန်းများ တက်ရောက်ပြီး အားလပ်ချိန်ကို ကုန်ဆုံးကြရန်စေသာ အားကစားနှင့်စိတ်ဓာတ်မြင့်မားရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ယုယုနွယ်က လူငယ်တွေသည် နောင်တစ်ချိန်တွင် နိုင်ငံ့ပခုံးလက်လွှဲယူကြရမည့် လူငယ်များ ဖြစ်သည်နှင့်အညီ အကျင့်စာရိတ္တ ကောင်းမွန်မှန်ကန်ဖို့ လိုပါကြောင်း၊ တန်ဖိုးရှိတဲ့ လူငယ်တွေဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ မိမိတို့၏ တိုင်းပြည်နှင့် လူမျိုးကို ချစ်ခင်တဲ့စိတ်ထား၍ အရေးကြုံလာရင် လက်ပိုက်ကြည့်မနေဘဲ အတူတကွပူးပေါင်း တာဝန်ယူကြတဲ့ စိတ်ဓာတ်ထားရှိကာ နိုင်ငံသားတစ်ယောက် တာဝန်ကျေပွန်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်းစသည့် အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် တိုင်းချစ်ပြည်ချစ်စိတ် ထက်သန်ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းလှိုင်က လူတစ်ဦး၌ အခြေခံအကျဆုံးသည် စိတ်ဓာတ်ဖြစ်ပါကြောင်း၊ စိတ်ဓာတ်ကောင်းမွန်မှ စည်းကမ်း ကောင်းမွန်သော အနာဂတ်ခေါင်းဆောင်များ ဖြစ်လာမည်ဖြစ်ကြောင်း စိတ်ဓာတ်ကောင်းမွန်ရေးနှင့် စည်းကမ်းကောင်းမွန်ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဟောပြော ခဲ့ကြသည်။

ယင်းနောက်  မန်ကျည်းမြိုင် အထကခွဲကျောင်းသို့ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ အားကစား ပစ္စည်း(၁)စုံပေးအပ်ပြီး အားကစားသရုပ်ပြခြင်းအား ပြသခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ မန်ကျည်းမြိုင် အထကခွဲကျောင်းက ကျောင်းသား၊ ကျောင်းသူ(၁၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇူလိုင်ကြယ်