ပေါက်ခေါင်း မတ် ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက်ပိုင်းမှ စတင် ထုတ်ပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထုတ်ပေးလျက်ရှိပြီး ပေါက်ခေါင်းမြို့နယ်တွင် မတ်လ ၂၁ ရက်နေ့က အငြိမ်းစားပင်စင်ထုတ်ယူသူ (၂၅၀) ဦးရှိပြီး၊ ယနေ့နံနက်ပိုင်းတွင်လည်း ကျန်ရှိသည့် အငြိမ်းစား ဝန်ထမ်းများကို ပင်စင်လစာငွေများ ဆက်လက် ထုတ်ပေးလျက် ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
သန်းထွန်းအောင်