ငပု​တောမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက် 

ငပု​တော   မတ်  ၂၂ 

ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး (Talk Show) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် မတ်လ ၂၀ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နုနုရီက အသိပညာပေး ဆွေးနွေးပွဲ(Talk Show)များ ပြုလုပ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့ပြီးနောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇင်ပိုပိုညိမ်းက ကလေး သူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများအကြောင်း၊ နိုင်ငံတော်က ဆောင်ရွက် ပေးနေသော ကလေးသူငယ် ပြုစုစောင့်ရှောက်ကာကွယ်ရေး လုပ်ငန်းများအကြောင်း၊ ကလေး သူငယ်များ အခွင့်အရေးနှင့် ပတ်သက်၍ ဆက်သွယ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အကြောင်းနှင့် ကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွားကို ဖြစ်ထွန်းစေသော၊ ခွဲခြားဆက်ဆံမှု မရှိစေသော၊ အသက်ရှင်သန်ခွင့်နှင့် ကလေး၏ ထင်မြင်ယူဆချက်ကို အလေးထားဆောင်ရွက်ရမည့် အချက်(၄)ရပ် အကြောင်းနှင့် ပတ်သက်၍ အသေးစိတ် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ငပု​တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်   သက်ဆိုင်ရာကဏ္ဍများအလိုက်   အသိပညာပေးဆွေးနွေးပွဲ(Talk Show) များကိုဌာန ဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)များကို  ငပု​တောမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသော We Love ngaputaw Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

နုနု​အေး(ပြန်/ဆက်)