ဂွမြို့နယ်တွင် ပြည်သူများ သဘာ၀ဘေး လွတ်ကင်းသည့် နေရာများသို့ အမြန်ဆုံး ပြောင်းရွှေ့နိုင်ရေး အသံချဲ့စက်များဖြင့် အသိပညာပေးနှိုးဆော်

ဂွ  မတ် ၂၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် လက်ရှိဖြစ်ပေါ်နေသော မုန်တိုင်း သဘာ၀ ဘေးအန္တရာယ်ကြောင့် ပင်လယ်ကမ်းခြေ အနီးအနား၌ နေထိုင်ကြသည့် မိဘပြည်သူများအား  သဘာ၀ဘေး လွတ်ကင်းသည့် နေရာများသို့ အမြန်ဆုံးပြောင်းရွှေ့နိုင်ရေး ယမန်နေ့ ညပိုင်းတွင် မကျေးငူ ကူးတို့ဆိပ်ကမ်းနား၊ ဦးရွှေလယ်ကုန်း၊ ဂုံးသောင်၊ စိမ့်စမ်းသာ၊ ကမ်းခြေဦးနှင့် ရဟိုင်ကူးတို့ ကျေးရွာများတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ် မီးသတ်တပ်ဖွဲ့၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက အသံချဲ့စက်များဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ နှိုးဆော်ရာတွင် ၂၀၂၂-ခုနှစ်၊ မတ်လ(၂၁)ရက်နေ့တွင် လက်ရှိဖြစ်ပေါ်နေသော မုန်တိုင်း သဘာ၀ ဘေးအန္တရာယ်ကြောင့် ပင်လယ်ကမ်းခြေ အနီးအနား၌ နေထိုင်ကြသည့် မိဘပြည်သူများ ဘေးအန္တရာယ် ကင်းဝေးစေရေး အလို့ငှာ ဦးစားပေးအနေဖြင့် သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ မသန်စွမ်း အစရှိသူတို့ကို သဘာ၀ဘေး လွတ်ကင်းသည့် နေရာများသို့ အမြန်ဆုံးပြောင်းရွှေ့ ပေးနိုင်ရေးကို အသံချဲ့စက်များဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်