မြောင်းမြမြို့တွင်  မုန်တိုင်းကြောင့် လဲပြိုနိုင်သည့် အန္တရာယ်ရှိသစ်ပင်များ ရှင်းလင်းဖယ်ရှား

မြောင်းမြ မတ်လ ၂၂

မြောင်းမြမြို့တွင် မုန်တိုင်းကြောင့်လဲပြိုပြီး အန္တရာယ်ရှိနိုင်မည့် သစ်ပင်များကို ယမန်နေ့ ညနေ  ၄ နာရီအချိန်က ခရိုင်မီးသတဦးစီးမှူး ဦးကျော်ခိုင်ထွန်း ဦးဆောင်သော ခရိုင်မီးသတ် တပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေ ခုတ်ထွင်ရှင်းလင်း ဖယ်ရှားခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင် မီးသတ်ဦးစီးဌာနသည် ကျရောက်လာမည့် မုန်တိုင်းအန္တရာယ်မှ ကြိုတင် ကာကွယ်နိုင်ရန်နှင့် မုန်တိုင်းကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့များ အသင့်စုဖွဲ့ထားရှိပြီး ကယ်ဆယ်ရေး ပစ္စည်းများကို အဆင်သင့်ပြင်ဆင် ဆောင်ရွက်ထားရှိပြီးကြောင်း သိရသည်။ ထို့အတူ သဘာဝဘေးကျရောက်လာပါက အလျင်အမြန်တုန့်ပြန်ဆောင်ရွက်နိုင်ရန် ကွပ်ကဲမှု အဖွဲ့များကိုလည်း  စုဖွဲ့ထားရှိဆောင်ရွက်ထားပြီး ပြည်သူများ သဘာဝဘေး အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပြည်သူ များအား လိုက်လံအသိပေးကြေညာခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြောင်းမြခရိုင် ပြန်ဆက်