နတ်တလင်းမြို့၌ သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်စုဖွဲ့ထားရှိ

နတ်တလင်း မတ် ၂၂

ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်ကျ ရောက်လာပါကတပ်ဖွဲ့ဝင်များဖြင့် အသင့်စုဖွဲ့ခြင်း လုပ်ငန်းများနှင့် ကြိုတင်ဇာတ်တိုက်ခြင်း လုပ်ငန်းများကို ယမန်နေ့ နေ့လယ်ပိုင်းမှစ၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

နတ်တလင်း မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြု ပစ္စည်းများဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားပြီး သဘာဝဘေးကျရောက်ပါ ကလည်း ပြည်သူများအား ရှာဖွေ ကယ်ဆယ်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခြင်းနှင့် သဘာဝဘေး အန္တရာယ်များ ဖြစ်သော မီးဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေး ကျရောက်ပါက အချိန်မီရှာဖွေ ကယ်ဆယ်နိုင်ရေးနှင့် ကူညီရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် တပ်ဖွဲ့ဝင်များအား အသင့်စုဖွဲ့ထားရှိခြင်း လုပ်ငန်းများအား ကြိုတင်ပြင်ဆင် စီမံထားရှိပြီးဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးမိုး‌အောင်ထံမှ သိရသည်။

ဝေယံဖြိုး