အုတ်ဖို မတ် ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်စာစစ်ဌာန အ.ထ.က အိုးသည် ကုန်းတွင်မီးဘေးလုံခြုံရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြသည်။
အဆိုပါစစ်ဆေးမှုတွင် အုတ်ဖိုမြို့နယ် အိုးသည်ကုန်းမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးသူရိန်ထွန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝေယံဦး ဦးဆောင်သောမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးဘေးသရုပ်ပြခြင်းတို့ကိုဆောင်ရွက်ခဲ့ရာ အ.ထ.က အိုးသည်ကုန်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပြီး မီးဘေးကြိုတင်ကာကွယ်နိုင်ရန်အတွက် ထားရှိအပ်သော ရှေးဦး မီးငြိှမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဘူး များအား အသင့်တပ်ဆင် ထားရှိကြရန်၊ မီးသတ်ဆေးဗူးများ ဟောင်းနွမ်းနေပါက အသစ်လှဲလှယ်တပ်ဆင်ကြရန် အသိပေးနှိုးဆော်ခဲ့ကြကြောင်းသိရှိရသည်။
အောင်သူ