ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ဟားခါးမြို့၊ ဟားခါးထာရ် (၁)ရပ်ကွက် မူလွန်ကျောင်း (ခွာဘဲ)တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်၊ လဝက ပုံစံ ၆၆/၆ ပြုလုပ်ပေးနေမှုအား သွားရောက်ကြည့်ရှုအားပေး

ဟားခါး မတ် ၂၂

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်သည် ယမန်နေ့က ဟားခါးမြို့၊ ဟားခါးထာရ် (၁) ရပ်ကွက် မူလွန်ကျောင်း ( ခွာဘဲ ) တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်၊ လဝက ပုံစံ ၆၆/၆ ပြုလုပ်ပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။

ထိုသို့ သွားရောက်ကြည့်ရှုရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးသန့်ဇင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး တို့က လိုက်ပါကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် တာဝန်ရှိသူများက ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် လဝက ပုံစံ ၆၆/၆ ပြုလုပ်ပေးနေမှု အခြေအနေကို ကြည့်ရှု အားပေးပြီး ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်းပိုင်ဆိုင်ရခြင်း၏ အကျိုးကျေးဇူးများကို ရင်းရင်းနှီးနှီးရှင်းပြကာ ပန်းခင်းစီမံချက်တွင် ပါဝင်သည့် တာဝန်ရှိသူ များအား ထောက်ပံ့ငွေပေးအပ်သည်။

ပန်းခင်းစီမံချက်ကို စစ်ရေး၊ နိုင်ငံရေး၊  လူမှုရေး၊ စီးပွားရေးနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုစသည့် စစ်ကြောင်းကြီး ( ၅ ) ကြောင်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး အိမ်ထောင်စုစာရင်းမရှိသူများနှင့် နိုင်ငံသားကတ်မရှိသူများ၊ အသက် ၁၆ နှစ်နှင့်အထက် ကိုင်ဆောင်လက်မှတ်မရှိသူများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး ပျက်စီးသူများအား အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင် လက်မှတ်တစ်မျိုးမျိုးကို ထုတ်ပေးခြင်းအပြင် ကျန်းမာရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများလည်း ဆောင်ရွက်နေကြောင်း သိရသည်။ 

ခရိုင် ( ပြန် / ဆက် )