ဓနုဖြူမြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံကြေညာ ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ဓနုဖြူ မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ​မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံကြေညာခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နေ့လယ်က ဆောင်ရွက်ခဲ့​သည်။

ထိုသို့ကြေညာရာတွင် မုန်တိုင်းငယ်လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျား မည်ဖြစ်၍ လိ‌မ္မော်ရောင်အဆင့် သတ်မှတ်ကြောင်း၊ မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ဂရုပြုနေထိုင်ရန်လိုအပ် ကြောင်း၊ မုန်တိုင်းဖြတ်ကျော် နေ့စဉ်မုန်တိုင်းဒီရေမှာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၆)ပေမှ (၉)ပေ အထိ မြင့်တက်လာနိုင်ကြောင်း၊ ကမ်းနီးကမ်းဝေးငါးဖမ်းရေယာဥ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အသိပေးလိုက်လံကြေညာခြင်းနှင့် မုန်တိုင်းပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)