ကျုံပျော် မတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေး အန္တရာယ် ကျရောက်လာပါက ကူညီဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ မီးသတ်ဦးစီးဌာနအတွင်း ဆောင်ရွက်ထားရှိကြောင်း သိရသည်။
မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်ရေး
လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိပြီး၊ ရေဘေး၊ လေဘေး၊ မီးဘေး၊ ငလျှင်ဘေးများ ကျရောက်ပါက လျှင်မြန်စွာ ကူညီကယ်ဆယ်နိုင်ရန် ဇာတ်တိုက် လေ့ကျင့်မှုများကို တပ်ဖွဲ့ဝင်များဖြင့် စနစ်တကျ ဆောင်ရွက်ထားကြောင်း၊ ကယ်ဆယ်ရေးသုံးပစ္စည်း များကိုလည်း အရန်သင့် ပြင်ဆင်ထားကြောင်း သိရသည်။
ထိုသို့ပြုလုပ်ထားခြင်းဖြင့် မကြာခဏဖြစ်ပေါ် လေ့ရှိသည့် ဘေးအန္တရာယ်များ သာမက ရံဖန်ရံခါဖြစ် ပေါ်တတ်သည့် ကြီးမားသောထိခိုက်ပျက်စီးမှု ဘေးအန္တရာယ်များ ကြုံတွေ့ရသည့်အခါ တပ်ဖွဲ့ဝင် များအနေဖြင့် အရန်သင့် ဖြစ်စေပြီး၊ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ကာ အလွန်အမင်း ထိခိုက်ပျက်စီးမှုများကို လျော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကျုံပျော်မြို့ မီးသတ်ဦးစီးဌာနအနေဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၃၂)ဦးရှိပြီး၊ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရပ်ကွက်နှင့် ကျေးရွာများတွင်လည်း အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုဖွဲ့ထားရှိပြီး ကြိုတင်စီမံထားကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးအောင်စိန်ဘွင့်ထံမှ သိရသည်။
လပြည့်ဦး(ပြန်/ဆက်)