ကျုံပျော်မြို့နယ်၊ ပြန်/ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများ စာပေဖတ်ရှုမှု တိုးပွားစေရန် ရည်ရွယ်၍ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စာအုပ်ပြပွဲ ကျင်းပ

ကျုံပျော် မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြု ဗဟိုဌာန( Community Centre) ခန်းမတွင် ပြည်သူများစာပေဖတ် ရှုမှုတိုးပွား စေရန်ရည်ရွယ်၍ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်း အမှတ် စာအုပ်ပြပွဲကို မတ်လ ၂၁ ရက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

စာအုပ်ပြပွဲသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊‌ ကျောင်းသူ လူငယ်များ လာရောက်ကြည့်ရှုခဲ့ကြပြီး၊ 

ဗဟုသုတရဖွယ် သုတရသစာအုပ်များ စုံလင်စွာပြသပေးခဲ့ရာ တက်ရောက်လာကြသော စာအုပ်စာပေ ချစ်မြတ်နိုးသူများက စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြောင်း၊ ထပ်မံ၍ ပြည်သူ့ စာကြည့်တိုက်ရှိ စာအုပ်များ ထားရှိမှု၊ ငှားရမ်း‌ပေး‌နေမှုနှင့် အသင်းဝင် ငှားရမ်းဖတ်ရှု့နိုင်မှု တို့ကိုလည်း ကြည့်ရှု့လေ့လာ ခဲ့ကြ‌‌ကြောင်း သိရသည်။

ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ အသိဉာဏ် ဗဟုသုတ တိုးပွားစေရန်၊ စာပေကို ဖတ်ရှုခြင်းဖြင့် အမှားအမှန် ဝေဖန်ပိုင်းခြား တတ်စေရန်နှင့် စဉ်းစား‌တွေး ခေါ်မှုတိုးတက်ပြီး အသိပညာ အတတ်ပညာများရရှိစေရန်အတွက် ယခုလို စာအုပ်ပြပွဲများကို ကျင်းပ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဌာနအနေဖြင့် ပြည်သူများ စာပေဗဟုသုတတိုးပွားရရှိ‌စေရန် စာကြည့်တိုက်ဖွင့်လှစ်၍ စာအုပ်စာစောင်များ ဌားရမ်း‌ဝန်‌ ဆောင်မှုပေးခြင်း၊ ကလေးစာဖတ်ခန်း ဖွင့်လှစ်၍ ကလေးဘဝမှစ၍ စာ‌ပေဖတ်ရှုမှု အလေ့အကျင့်‌ကောင်းရရှိရန် ပျိုးထောင်ပေးခြင်းနှင့်စာဖတ်ဝိုင်းဆွေးနွေးပွဲ များ ပြုလုပ်ကာ စာပေဗဟုသုတ တိုးပွားရေးလုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)